Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 37:25 - Common Language Bible

25 သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင့် တပ်​မ​တော်​သား​တို့​သည်​ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ဝါ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ငါ သည် ရေ တွင်း များ ကို တူး ဖော် သောက် ရ ပြီ။ အိ ဂျစ် မြစ် လက် ကြား ရေ ရှိ သ မျှ ကို ငါ့ ခြေ အောက် တွင် ခန်း ခြောက် စေ ပြီ ဟု၊ သင် ဝါ ကြွား လေ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ငါ​သည် တွင်း​တူး၍ ရေ​ကို​သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ငါ​သည် တွင်းတူး​၍ ရေ​ကို​သောက်​ခဲ့​ပြီ​။ ငါ​၏​ခြေ​ဖဝါး​ဖြင့် အီဂျစ်​ပြည်​၏​မြစ်ချောင်း​ရှိသမျှ​ကို ခန်းခြောက်​စေ​ခဲ့​ပြီ ဟု​ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 37:25
8 ပူးပေါင်းရင်းမြစ်များ  

``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။


အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-


ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။


နိုင်း​မြစ်​သည်​ရေ​နည်း​၍​တစ်​စ​တစ်​စ​ခန်း ခြောက်​သွား​လိမ့်​မည်။-


မြစ်​ဝ​ကျွန်း​ပေါ်​ဒေ​သ​ရှိ​ချောင်း​မြောင်း​များ သည်​လည်း တ​ဖြည်း​ဖြည်း​ခန်း​ခြောက်​ကာ​ပုပ် စော်​နံ​၍​လာ​လိမ့်​မည်။ ကူ​ပင်​ကိုင်း​ပင်​များ သည်​ခြောက်​သွေ့​သွား​ကြ​လိမ့်​မည်။-


ထို​သူ​က​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင်​တို့​ဘု​ရင် အား​သာ​လျှင် ဤ​စ​ကား​များ​ကို​ပြော​ကြား ရန် ငါ့​အား​စေ​လွှတ်​တော်​မူ​ထိုက်​သည်​ဟု​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင် ထိုင်​နေ​ကြ​သူ​တို့​အား​လည်း​ပြော​ကြား​ပါ ၏။ သူ​တို့​သည်​လည်း​သင်​တို့​နည်း​တူ​မိ​မိ တို့​၏​မ​စင်​ကို​ပြန်​၍​စား​ပြီး​လျှင် မိ​မိ တို့​ကျင်​ငယ်​ရေ​ကို​ပြန်​၍​သောက်​ရ​ကြ လိမ့်​မည်'' ဟု​ပြန်​ပြော​၏။


ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ