သူကြီး 20:17 - Common Language Bible17 ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible17 ဗင်္ယာ မိန့် အ နွယ် ကို ခြွင်း ချန်၍၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက် စု ရုံး ပြီး ဓား ကိုင် သူ ရဲ စစ် သား တို့ ကား လေး သိန်း တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-