သူကြီး 16:24 - Common Language Bible24-25 သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ပြည် သူ ပြည် သား တို့ လည်း ရှံ ဆုန် ကို မြင် သော အ ခါ ငါ တို့ ဘု ရား သည် နေ ပြည် ပျက် စီး စေ ၍ ပြည် သား များ စွာ သတ် ဖြတ် သော ထို ရန် သူ ကို ငါ တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟူ၍ ကိုယ့် ဘု ရား အား ထော မ နာ ပြု ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible24 လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 လူတို့သည် ရှံဆုန်ကို ကြည့်၍ “ငါတို့လူမျိုးအမြောက်အမြားကို သတ်ပြီး ငါတို့ပြည်ကို ဖျက်ဆီးသောငါတို့၏ရန်သူကို ငါတို့ဘုရားက ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် မိမိတို့ဘုရားကို ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-