Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:23 - Common Language Bible

23 ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဖိ လိ တ္တိ မင်း တို့ က ငါ တို့ ဘု ရား သည် ရန် သူ ရှံ ဆုန် ကို ငါ တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟု ဆို လျက် ၎င်း တို့ ဘု ရား ဒါဂုန် အား ခမ်း နား စွာ ပူ ဇော်၍ ပျော် ရွှင် ရန် စု ဝေး ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ဖိ​လိ​တ္တိ​မင်း​တို့​ကို၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ရန်​သူ​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ သူ​တို့​ဘု​ရား​ဒါ​ဂုန်​အား ယဇ်​ကြီး​ကို​ပူ​ဇော်၍ ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ စည်း​ဝေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:23
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-


သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။


မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူ အ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့် ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။


လူ​မျိုး​အ​သီး​သီး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​နာ​ခံ​ကြ​မည်​ဖြစ်​သော်​လည်း ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ကာ​လ​အ​စဉ်​အ​ဆက်​ကိုး​ကွယ် နာ​ခံ​မည်။


ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-


သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။


သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ