Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 15:19 - Common Language Bible

19 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဘု ရား သ ခင် သည် လေ ဟိ ရွာ တွင် ရှိ ရင်း ကျောက် တွင်း ကို ဖောက် ထွင်း တော် မူ သ ဖြင့် ရေ ထွက် ရာ သောက် ရ ပြီး မှ အ သက် အား တိုး သည် နှင့် ထို တွင်း ကို အ င်္ဟ က္ကော ရ ဟု ခေါ် ဝေါ် ကြ ၍ ယ နေ့ တိုင် အောင် လေ ဟိ ရွာ တွင် တည် ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လေ​ဟိ​အ​ရပ်၌ ချိုင့်​ဝှမ်း​ရာ​ကို ဘု​ရား​သ​ခင်​ဖောက်​တော်​မူ၍ ရေ​ထွက်​လေ၏။ သူ​သည် ရေ​ကို​သောက်​သ​ဖြင့် အ​သက်​ရှူ​ပြန်၍ အား​ဖြည့်​လေ၏။ သို့​ဖြစ်၍ ထို​ချိုင့်​ဝှမ်း​ရာ​ကို အ​ဟ​က္ကော​ရ​အ​မည်​ဖြင့် တွင်၍ ယ​နေ့​တိုင်​အောင် လေ​ဟိ​အ​ရပ်၌ ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုအခါ ဘုရားသခင်​သည် လေဟိ​အရပ်​၌ ချိုင့်ခွက်​တစ်​ခု​ပေါ်လာ​စေ​၍ ရေ​ထွက်လာ​စေ​၏​။ ရှံဆုန်​သည် ထို​ရေ​ကို​သောက်​သောအခါ ခွန်အား​ပြည့်​၍ ပြန်လည်​လန်းဆန်း​လာ​၏​။ ထို​နေရာ​ကို အန်ဟက္ကောရ ဟု​ခေါ်​၍ ယနေ့​တိုင်အောင် လေဟိ​အရပ်​၌ ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 15:19
16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-


ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-


ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။


သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-


မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။


ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။


ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။


ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-


မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​ရ​သည့်​ကြယ်​များ​ကို​အ​ဘယ်​သူ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း။ ယင်း​တို့​အား​စစ်​သည်​ဗိုလ်​ခြေ​သ​ဖွယ် ထုတ်​ဆောင်​လာ​တော်​မူ​သော​အ​ရှင်​ပင် ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကြယ်​များ​ကို​ရေ​တွက် ထား​တော်​မူ​ပြီး​လျှင်​နာ​မည်​တပ်​၍ ခေါ်​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ​သ​ဖြင့် ထို​ကြယ်​တို့​သည်​တစ်​လုံး​တစ်​လေ​မျှ ပျောက်​ပျက်​သည့်​အ​ခါ​ဟူ​၍​မ​ရှိ။


ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။


``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။


တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​သို့ လာ​၍​စ​ခန်း​ချ​ကာ​လေ​ဟိ​မြို့​ကို​တိုက်​ခိုက် ကြ​၏။-


သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ