သူကြီး 15:18 - Common Language Bible18 ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။- အခန်းကိုကြည့်ပါ။Garrad Bible18 အ လွန် ရေ ငတ်၍ ထာ ဝ ရ ဘု ရား အား သူ ပ ဌ နာ ပြု သည် မှာ ကိုယ် တော် သည် ဤ ကြီး စွာ သော အောင် မြင် ခွင့် ကို ကျွန် တော် မျိုး ၏ လက် ရုံး အား ဖြင့် ပေး တော် မူ ခဲ့ ငြား သော် လည်း ယ ခု မှာ အ ကျွန်ုပ် ရေ ငတ် သ ဖြင့် သေ ရ မည့် ဆဲ ဆဲ တွင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ တို့ လက် တွင်း သို့ ရောက် ရ တော့ မည် ဟု တောင်း လျှောက် သော် အခန်းကိုကြည့်ပါ။Judson Bible18 အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်းကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့်သေ၍ အရေဖျားလှီးခြင်းကို မခံသောလူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ရှံဆုန်သည် အလွန်ရေငတ်သဖြင့် ထာဝရဘုရားထံ “ကိုယ်တော့်အစေအပါး၏လက်ဖြင့် ဤမျှကြီးမားသောအောင်မြင်မှုကို ပေးတော်မူပြီးမှ ယခု ရေငတ်၍ သေရမည်လော။ အရေဖျားမလှီးသောသူတို့၏လက်ချက်ဖြင့် သေရမည်လော”ဟု အော်ဟစ်လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-