သူကြီး 14:6 - Common Language Bible6 ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက် သ ဖြင့်၊ ရှံ ဆုန် လက် ချည်း ဖြစ် သော် လည်း၊ ဆိတ် သား ငယ် ကို ဆွဲ ဖဲ့ နိုင် သ ကဲ့ သို့ ဆွဲ ဖဲ့ လေ၏။ ထို အ ကြောင်း ကို မိ ဘ တို့ အား မ ကြား မ ပြော ဘဲ နေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ ရှံဆုန်လက်၌ တစ်စုံတစ်ခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသောအမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။-
``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။
တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-
ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-