Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 14:5 - Common Language Bible

5 သို့​ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​မိ​ဘ​တို့​နှင့် အ​တူ​တိ​မ​န​မြို့​သို့​သွား​လေ​သည်။ သူ​တို့ သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​သန်း​သွား ကြ​စဉ် ခြင်္သေ့​ငယ်​တစ်​ကောင်​ဟောက်​လျက်​နေ သံ​ကို​ရှံ​ဆုန်​ကြား​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို နောက် ရှံ ဆုန် သည် မိ ဘ တို့ နှင့် အ တူ၊ တိ မ နတ် မြို့ ခ ရီး သွား ရာ တိ မ နတ် မြို့ ရှိ စ ပျစ် ခြံ သို့ ရောက် သော်၊ ခြင်္သေ့ ပျို တစ် ကောင် ဟောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​အ​ခါ ရှံ​ဆုန်​သည် မိ​ဘ​နှင့်​တ​ကွ တိ​မ​နတ်​မြို့​သို့ သွား၍၊ တိ​မ​နတ်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​ရောက်​လျှင်၊ ခြင်္သေ့​ပျို​တစ်​ကောင်​သည် သူ့​ကို​တွေ့၍ ဟောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ရှံဆုန်​သည် မိဘ​တို့​နှင့်တကွ တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​စပျစ်ခြံ​များ​အနီး​သို့ ရောက်​သောအခါ ကြည့်ရှု​လော့​။ ခြင်္သေ့ပျို​တစ်​ကောင်​သည် သူ့​အား ဟိန်းဟောက်​ရန်ပြု​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 14:5
10 ပူးပေါင်းရင်းမြစ်များ  

ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။-


ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။-


သင်​သည်​ခြင်္သေ့​နှင့်​မြွေ၊ကြောက်​မက်​ဖွယ်​ကောင်း​သည့် ခြင်္သေ့​နှင့်​မြွေ​ဆိုး​တို့​ကို​ခြေ​ဖြင့်​နင်း​ရ​လိမ့် မည်။


ရန်​သူ​များ​သည်​သူ့​အား​ခြင်္သေ့​ကဲ့​သို့​ဟောက် ကြ​၏။ သူ​၏​ပြည်​ကို​ခြောက်​သွေ့​စေ​ကြ​၏။ သူ​၏​မြို့​များ​သည်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​၏။


ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-


ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-


နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။


ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ​၏။ သို့ ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​လက်​နှစ်​ဘက်​တည်း ဖြင့် ထို​ခြင်္သေ့​အား​ဆိတ်​ငယ်​က​လေး​ကို​ဆွဲ​ဖဲ့ သ​ကဲ့​သို့​ဆွဲ​ဖဲ့​ပစ်​လိုက်​လေ​သည်။ သို့​ရာ​တွင် သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​အ​မှု​ကို​မိ​ဘ​တို့ အား​မ​ပြော​ဘဲ​နေ​၏။


အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ