Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 25:34 - Common Language Bible

34 သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ဝ တ္ထု ကံ မြို့ ရှိ စား ကျက် နှင့် လယ် များ ကို ကား အ လျှင်း မ ရောင်း ရ ချေ။ အ မြဲ ပိုင် မြေ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 သို့​ဆို​သော်​လည်း၊ လေ​ဝိ​သား​မြို့​နယ်၌​ရှိ​သော လယ်​ယာ​တို့​ကို​မ​ရောင်း​ရ။ အ​စဉ်​အ​မြဲ​ပိုင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သူ​တို့​၏​မြို့​များ​ရှိ​စားကျက်မြေ​သည် သူ​တို့​အစဉ်အမြဲ​ပိုင်​သော​မြေ​ဖြစ်​သောကြောင့် မ​ရောင်း​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:34
7 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။


လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-


ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။


မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။


လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​မိ​မိ​နေ​ထိုင် ရာ​မြို့​တွင် မိ​မိ​၏​အိမ်​ကို​ရောင်း​ပြီး​နောက် ပြန်​၍​မ​ဝယ်​လျှင် ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​၌​ထို​အိမ်​ကို​သူ့​အား​ပြန်​ပေး ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ နိုင်​ငံ​တွင် လေ​ဝိ​မြို့​များ​ကို​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​မြဲ​ပိုင်​သော​ကြောင့်​ဖြစ်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ