ဝတ်ပြု 19:26 - Common Language Bible26 ``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။- အခန်းကိုကြည့်ပါ။Garrad Bible26 အ သွေး ပါ သော အ စာ ကို မ စား ရ။ ဇော် ဂ နီ အ တတ်၊ ဗေ ဒင် အ တတ် ကို မ လေ့ လာ ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible26 အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကိုမပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 သွေးပါသောအသားကို မစားရ။ ဟူးရားအတတ်၊ ဗေဒင်အတတ်ကို မကျင့်သုံးရ။ အခန်းကိုကြည့်ပါ။ |
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။