ဝတ်ပြု 19:27 - Common Language Bible27 သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။- အခန်းကိုကြည့်ပါ။Garrad Bible27 န ဖူး ထိပ် ဆံ ရိတ် ခြင်း၊ ပါး မြိုင်း ဖြတ် ခြင်း မ ပြု ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible27 ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သင်တို့၏နားသယ်မွေးကို မရိတ်ရ။ သင်တို့၏မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။ အခန်းကိုကြည့်ပါ။ |
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။