Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:41 - Common Language Bible

41 ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 တိုက် အ တွင်း ပတ် လည်၌ အင်္ဂ တေ ကို ခြစ် ခွာ လျက် မြို့ ပြင် မ စင် ကြယ် သော အ ရပ် သို့ သွန် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ထို​အိမ်​ကို အ​တွင်း​ပတ်​လည်၌​ခြစ်​စေ​ရ​မည်။ ခြစ်၍​ကျ​သော အ​မှုန့်​ကို​လည်း မြို့​ပြင်​မ​စင်​ကြယ်​သော​အ​ရပ်၌ သွန်​ပစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 အိမ်​အတွင်း​ပတ်ပတ်လည်​ကို ခြစ်ထုတ်​၍ ထို​ခြစ်ထုတ်​သော​အမှုန့်​ကို မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​၌ သွန်ပစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:41
10 ပူးပေါင်းရင်းမြစ်များ  

ညဥ့်​အ​ခါ​၌​သူ​တို့​သည်​ဂူ​များ​သင်္ချိုင်း​တွင်း များ​သို့​သွား​၍​သူ​သေ​ဝိ​ညာဉ်​များ​နှင့်​နှီး နှော​တိုင်​ပင်​ကြ​၏။ သူ​တို့​သည်​ဝက်​သား​ကို စား​၍​သူ​တို့​၏​အိုး​များ​တွင် မ​သန့်​ရှင်း သော​အ​သား​ပြုတ်​ရည်​ရှိ​ကြ​၏။-


သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-


ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-


ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။


ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-


သူ့​ကို​ပြင်း​စွာ​ကြိမ်​ဒဏ်​ခတ်​၍​ကြောင်​သူ​တော်​တို့ ခံ​ရ​သော​ကံ​ကြမ္မာ​ဆိုး​ကို​ခံ​စေ​လိမ့်​မည်။ သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ လိမ့်​မည်။


ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။-


ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။


သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ