Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:34 - Common Language Bible

34 ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 တိမ် တိုက် လွှမ်း မိုး ၍ ဖုံး ကွယ် လျှင် သူ တို့ ကြောက် ရွံ့ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထိုသို့ ပေတရု​လျှောက်ထား​စဉ် မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိုးတိမ်​ထဲသို့ ရောက်​သွား​စဉ် ကြောက်ရွံ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထိုသို့ လျှောက်ဆို​နေစဉ် မိုးတိမ်​သည် သူတို့​အပေါ်​တွင် လွှမ်းခြုံလေ၏။ မိုးတိမ်​ထဲသို့ ဝင်သည်​နှင့် တပည့်တော်တို့​သည် အလွန်​ကြောက်လန့်​တုန်လှုပ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:34
12 ပူးပေါင်းရင်းမြစ်များ  

ဤ​ဗျာ​ဒိတ်​တော်​သည်​အီ​ဂျစ်​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ကို​စီး​၍ အီ​ဂျစ် ပြည်​သို့​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​လေ​ပြီ။ အီ​ဂျစ်​ပြည်​ရှိ​ရုပ်​တု​ဆင်း​တု​များ​သည် ကိုယ် တော်​၏​ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ အီ​ဂျစ်​ပြည်​သူ​တို့​သည်​လည်း​သူ​ရဲ ဘော​ကြောင်​၍​သွား​ကုန်​၏။-


ငါ​တစ်​ဦး​တည်း​သာ​လျှင်​ထို​အံ့​သြ​ဖွယ် ကောင်း​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ကြည့် လျက်​ကျန်​ရစ်​၏။ ငါ​သည်​အား​ပြတ်​၍ အ​ဘယ်​သူ​မျှ​မ​မှတ်​မိ​နိုင်​လောက်​အောင် ငါ​၏​မျက်​နှာ​သည်​အ​သွင်​ပြောင်း​သွား​၏။ အ​ကူ​အ​ညီ​မဲ့​လျက်​ရှိ​၏။-


ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။


မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။


ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။-


မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။


ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ