လုကာ 7:14 - Common Language Bible14 ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊- အခန်းကိုကြည့်ပါ။Garrad Bible14 ချဉ်း ကပ်၍ တ လား ကို တို့ တော် မူ လျက် အ ချင်း လု လင် ထ လော့။ ငါ ဆို သည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က“အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထို့နောက် ယေရှုက အနီးသို့ ချဉ်းကပ်၍ အလောင်းစင်ကိုတို့တော်မူလျှင် အလောင်းထမ်းသူများသည်ရပ်လျက်နေကြ၏။ ယေရှုကလည်း “အို လူငယ်… သင့်အား ငါအမိန့်ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ14 ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-