လုကာ 24:32 - Common Language Bible32 သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible32 ကိုယ် တော် မူ ကား ကွယ် ကြွ တော် မူ၏။ ထို သူ တို့ က ကိုယ် တော် သည် လမ်း ခ ရီး တွင် ကျမ်း ချက် များ ကို ဖွင့် ပြ လျက် မိန့် မြွက် တော် မူ စဉ် ငါ တို့ နှ လုံး ယို ဖိတ် မ တတ် ရှိ နေ သည် မ ဟုတ် လော ဟု အ ချင်း ချင်း ပြော ဆို လျက်၊ အခန်းကိုကြည့်ပါ။Judson Bible32 တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း32 သူတို့ကလည်း “လမ်းတွင် ငါတို့အား စကားပြောလျက် ကျမ်းစာကို အနက်ဖွင့်ရှင်းပြတော်မူစဉ် ငါတို့၏စိတ်နှလုံးသည် အတွင်း၌ လောင်းကျွမ်းနေသကဲ့သို့ဖြစ်သည်မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ32 တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ပူပင်သောကရောက်ခဲ့၏။ စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။ အဘယ်အခါသေရပါမည်နည်း။ ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။