Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 2:35 - Common Language Bible

35 မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 လူ အ များ တို့ စိတ် အ ကြံ အ စည် ထင် ရှား ရ လိမ့် မည်။ သင့် စိတ် ကို လည်း သန် လျက် ထုတ် ချင်း ခွင်း လိမ့် မည် ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 သို့ဖြစ်၍ သူ​သည် လူ​များစွာတို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်မှုများ​ကို ပေါ်လွင်စေမည်။ သင့်​စိတ်နှလုံး​သည်လည်း ဓား​ဖြင့် ထိုး​ခံရ​သကဲ့သို့ ဖြစ်​လိမ့်မည်” ဟု ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:35
13 ပူးပေါင်းရင်းမြစ်များ  

ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။


ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-


အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။-


ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။-


(သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-


ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ