Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 2:20 - Common Language Bible

20 သိုး​ထိန်း​တို့​သည်​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့် အ​တိုင်း​တွေ့​မြင်​ကြား​သိ​ရ​သ​ဖြင့် ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး လျက်​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သိုး ထိန်း တို့ လည်း နာ ခံ ခဲ့ သည့် အ တိုင်း ကြား ရ သ မျှ၊ မြင် ရ သ မျှ အ တွက် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက်၍ ထော မ နာ ပြု လျက် ပြန် သွား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သိုးထိန်း​တို့​သည် မိမိ​တို့​အား​မြွက်ဆို​ထား​သည့်​အတိုင်း မြင်​ရ​ကြား​ရ​သဖြင့် ထို​အမှုအရာ​အားလုံး​တို့​အတွက် ဘုရားသခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီးမွမ်း​လျက် ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သိုးထိန်းတို့​သည် ကောင်းကင်တမန်များ​ဖော်ပြသည့်​အတိုင်း မြင်ရ​ကြားရ​သဖြင့် ထို​အကြောင်းအရာ အားလုံး​အတွက် ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​လျက် ပြန်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:20
13 ပူးပေါင်းရင်းမြစ်များ  

ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ လူ​အ​ပေါင်း​တို့​သည်​အာ​မင်​ဟု​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။


ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-


ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။


သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။-


ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။


ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ