ရှင်ယောဟန် 4:9 - Common Language Bible9 ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။) အခန်းကိုကြည့်ပါ။Garrad Bible9 သို့နှင့်အညီယုဒလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့်ပေါင်းသင်းလေ့မရှိသည်ကိုထောက်၍ ထိုရှမာရိမိန်းမက၊ အရှင်သည်ယုဒလူမျိုးဖြစ်လျက် ရှမာရိမိန်းမဖြစ်သောကျွန်မထံ အသို့သောက်ရေတောင်းသနည်းဟုမေးရာ၊ အခန်းကိုကြည့်ပါ။Judson Bible9 ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။] အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ထိုရှမာရိအမျိုးသမီးက “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သော ကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းသနည်း” ဟု အံ့အားသင့်စွာ မေးလေ၏။ ထိုသို့မေးရခြင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုကြသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ9 ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-