Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 4:9 - မြန်မာ

9 ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သို့နှင့်အညီယုဒလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့်ပေါင်းသင်းလေ့မရှိသည်ကိုထောက်၍ ထိုရှမာရိမိန်းမက၊ အရှင်သည်ယုဒလူမျိုးဖြစ်လျက် ရှမာရိမိန်းမဖြစ်သောကျွန်မထံ အသို့သောက်ရေတောင်းသနည်းဟုမေးရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။]

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို​ရှမာရိ​အမျိုးသမီး​က “သင်​သည် ဂျူးလူမျိုး​ဖြစ်​လျက်နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်သော ကျွန်မ​ထံမှ သောက်ရေ​ကို အဘယ်ကြောင့်​တောင်းသနည်း” ဟု အံ့အားသင့်​စွာ မေးလေ၏။ ထိုသို့​မေးရခြင်း​မှာ ဂျူးလူမျိုးတို့​သည် ရှမာရိလူမျိုးတို့​နှင့် ပေါင်းသင်းဆက်ဆံခြင်း​မပြုကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 4:9
12 ပူးပေါင်းရင်းမြစ်များ  

ထို​တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​ကို ယေ​ရှု​သည် စေ​လွှတ်​တော်​မူ၍၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​မြို့​ရွာ​ထဲ​သို့ မ​ဝင်​ကြ​နှင့်။-


ရှ​မာ​ရိ လူ​တစ်​ယောက်​သည် ခ​ရီး​သွား​ရာ​တွင် ထို​လူ​နာ​ရှိ​ရာ​သို့​ရောက်၍ မြင်​သော​အ​ခါ၊ က​ရု​ဏာ​စိတ်​ရှိ​သည်​နှင့်၊-


ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ရှ​မာ​ရိ​လူ​ဖြစ်၏။ နတ်​ဆိုး​စွဲ​သော​သူ​လည်း​ဖြစ်၏​ဟု ငါ​တို့​ပြော​သော​စ​ကား​သည် လျောက်​ပတ်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ