ရှင်မာကု 10:37 - Common Language Bible37 သူတို့က ``အရှင်ဘုန်းတန်ခိုးနှင့်စိုးစံရသော အခါ အကျွန်ုပ်တို့အားအရှင်၏လက်ယာရံ၊ လက်ဝဲရံအဖြစ်ခန့်ထားတော်မူပါ'' ဟု လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible37 ဘုန်း ပွင့် တော် မူ သည့် ကာ လ ဝဲ ယာ တော်၌ တ ပည့် တော် တို့ ကို တစ် ယောက် စီ ထိုင် ခွင့် သ နား တော် မူ ပါ ဟု လျှောက် တောင်း ကြ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible37 ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 သူတို့က “အကျွန်ုပ်တို့ကို ကိုယ်တော်၏ဘုန်းအသရေ၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း37 သူတို့က “အရှင်သည် ဘုန်းကြီးသောပလ္လင်၌ ထိုင်၍ စိုးစံသောအခါ အရှင့်လက်ဝဲတော်ဘက်၌တစ်ယောက်၊ အရှင့်လက်ယာတော်ဘက်၌တစ်ယောက် ထိုင်ခွင့်ပေးတော်မူပါ” ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ37 ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-