Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 သူတို့​က “အရှင်​သည် ဘုန်းကြီးသော​ပလ္လင်​၌ ထိုင်​၍ စိုးစံ​သောအခါ အရှင့်​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ အရှင့်​လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ဘုန်း ပွင့် တော် မူ သည့် ကာ လ ဝဲ ယာ တော်၌ တ ပည့် တော် တို့ ကို တစ် ယောက် စီ ထိုင် ခွင့် သ နား တော် မူ ပါ ဟု လျှောက် တောင်း ကြ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သူ​တို့​က “အကျွန်ုပ်​တို့​ကို ကိုယ်တော်​၏​ဘုန်း​အသရေ​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:37
10 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ယေရှု​က “သင်တို့​အတွက် မည်သည့်​အရာ​ကို ပြုလုပ်ပေး​စေလိုသနည်း” ဟု မေးတော်မူ၏။


ယေရှု​သည် တပည့်တော်တို့​ကို ထိုသို့​မိန့်တော်မူပြီး​သောအခါ ကောင်းကင်​သို့ ဆောင်ယူခြင်း​ကို​ခံတော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်ဘက်​၌ ထိုင်တော်မူ၏။


ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။


ခရစ်တော်​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ