ယေရမိ 38:27 - Common Language Bible27 မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။ အခန်းကိုကြည့်ပါ။Garrad Bible27 ထို့ နောက်၊ မှူး မတ် တို့ သည်၊ ရောက် လာ မေး မြန်း ကြ ရာ၊ ဘု ရင် မင်း မိန့် မှာ သ မျှ အ တိုင်း သာ၊ ယေ ရ မိ ပြန် ပြော သ ဖြင့်၊ အ မှု အ ရေး မ ပေါ် ပေါက် သည့် အ တွက် ဆိတ် ဆိတ် ပြန် ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲနေကြ၏။ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 မှူးမတ်အပေါင်းတို့ကလည်း ယေရမိထံ လာ၍မေးမြန်းကြလေ၏။ သူကလည်း ရှင်ဘုရင်မှာထားသည့်အတိုင်း သူတို့အား ပြန်ပြော၏။ ရှင်ဘုရင်နှင့် ပြောဆိုခဲ့သောစကားများကို မည်သူမျှမကြားသိကြသောကြောင့် သူတို့လည်း ဆက်မမေးကြတော့ချေ။ အခန်းကိုကြည့်ပါ။ |
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။