ယေရမိ 38:28 - Common Language Bible28 ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ယေ ရ မိ မူ ကား၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ယေ ရု ရှ လင် မြို့ ကို သိမ်း ယူ ကြ သည့် နေ့ ရက် တိုင် တိုင် နေ မြဲ နေ ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင်အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရုရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။ အခန်းကိုကြည့်ပါ။ |
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-
အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။