Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:4 - Common Language Bible

4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-6 နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ သင် တို့ နေ ကြ လျက် ပင်၊ ဆိုး သွမ်း သော ကိုယ့် အ လေ့ အ လာ၊ ဆိုး သွမ်း သော ကိုယ့် အ ပြု အ ကျင့် များ မှ၊ အ သီး အ သီး ပြောင်း လဲ၍၊ ရှေး ကာ လ အ စဉ် မ ပြတ် ဘိုး ဘေး များ နှင့် သင် တို့ အား၊ ထာ ဝ ရ ဘု ရား ပေး တော် မူ ခဲ့ သော ပြည် တွင်၊ နေ ထိုင် ကြ ဦး လော့။ သင် တို့ အား ဒု က္ခ ပေး တော် မ မူ ရ စေ ခြင်း ငှာ၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊ ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့် အ မျက် တော် တိုက် မ ပြု ကြ လင့် ဟု၊ ဆင့် ဆို ရ သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို၊ ထာ ဝ ရ ဘုရား သည် ဝိ ရိ ယ စိုက် ၍ စေ လွှတ် တော် မူ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:4
24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-


ထာ​ဝရ​ဘု​ရား​သည်​မ​နာ​ရှေ​နှင့်​ပြည်​သူ​တို့ အား သ​တိ​ပေး​တော်​မူ​သော်​လည်း​သူ​တို့ သည်​နား​မ​ထောင်​ကြ။-


သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-


သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။


ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​မ​ပြောင်း လဲ​နိုင်​ပါ။ အ​ဘယ်​ကြောင့်​ပြောင်း​လဲ​ရ​ပါ မည်​နည်း။ ကျွန်ုပ်​တို့​သည်​စိတ်​ရှိ​လက်​ရှိ​ခေါင်း မာ​ဆိုး​ညစ်​လျက်​နေ​ကြ​ပါ​မည်'' ဟု​ဆို ကြ​လိမ့်​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။


သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။ သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။


``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။-


သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။


သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-


သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-


သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-


သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။


တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။


သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-


ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ