Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 19:15 - Common Language Bible

15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 စိတ် ခဲ ယဉ်း ၍ ဗျာ ဒိတ် တော် ကို မ နာ ခံ ကြ သော ကြောင့်၊ ပြ ဋ္ဌာန်း တော် မူ ခဲ့ ရာ ဘေး အ လုံး စုံ ကို၊ ဤ မြို့ နှင့် ဇ န ပုဒ် ရှိ သ မျှ အ ပေါ် သို့ ငါ သင့် စေ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် မိန့် တော် မူ ကြောင်း၊ လူ ပ ရိ သတ် အား ဆင့် ဆို လေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဣ​သ​ရေ လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​သား​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ခြင်း​ငှာ၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​ကြောင့်၊ ငါ​ခြိမ်း​သ​မျှ​သော​ဘေး​ဒဏ်​တို့​ကို၊ ဤ​မြို့​ရွာ​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်​ဟူ​သော​အ​မိန့်​တော်​ကို လူ​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သူ​တို့​သည် ခေါင်းမာ​၍ ငါ့​စကား​ကို​နား​မ​ထောင်​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို ဤ​မြို့​နှင့်​ရွာ​ရှိသမျှ​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 19:15
23 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။


ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။


ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-


``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''


ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။


သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။


သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-


ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-


သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။ သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။


``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-


သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။


``ထို့​ကြောင့်​သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​လို​ကြ​သ​ဖြင့် အ​နန္တ​တန်​ခိုး ရှင်​ထာဝ​ရ​ဘု​ရား​က၊-


သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။


ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-


သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ