ယေရမိ 15:13 - Common Language Bible13 ထာဝရဘုရားကငါ့အား``ငါသည်တစ် ပြည်လုံးတွင်ငါ၏လူမျိုးတော်ကူးလွန် သည့်အပြစ်များအတွက်ဒဏ်ခတ်မည်။ သူ တို့၏စည်းစိမ်ဥစ္စာရွှေငွေ၊ ရတနာများ ကိုသိမ်းယူရန်ရန်သူများကိုစေလွှတ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13-14 သင် တို့ ပြစ် မှု ဟူ သ မျှ အ တွက်၊ သင် တို့ ကို ကျွမ်း လောင် သော ဒေါ သ မီး ထွက် သည့် အ လျောက်၊ တစ် ပြည် လုံး ရှိ စည်း စိမ် ဘဏ္ဍာ ကို၊ အ ဖိုး မဲ့ လု ယက် ဥ စ္စာ အ ဖြစ်၊ ငါ လွှဲ အပ် သည့် ပြင်၊ မ ရောက် ဘူး သော ပြည် တွင်၊ ရန် သူ တို့ အ မှု ကို ထမ်း စေ မည်။ အခန်းကိုကြည့်ပါ။Judson Bible13 သင်၏ပြည် တစ်လျှောက်လုံး၌ သင်ပြုသောအပြစ်များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဖိုးမခံဘဲ လုယူသော သူတို့လက်သို့ ငါပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။