ယေရမိ 1:15 - Common Language Bible15 ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း မြောက် ပိုင်း နိုင် ငံ များ ရှိ လူ အ မျိုး မျိုး ကို ငါ ခေါ် သည့် အ လျောက် ရောက် လာ ကြ ရာ၊ အ သီး အ သီး တို့ သည် ယေ ရု ရှ လင် မြို့ တံ ခါး ဝ မှ စ၍၊ မြို့ ရိုး ပတ် လည် တစ် လျှောက် နှင့် ယု ဒ ပြည် ရှိ မြို့ တိုင်း အ နီး၌၊ တ ရား ပ လ္လင် များ ကို တည် ရ ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible15 အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သို့ဖြစ်၍ငါသည်ယုဒမြို့များနှင့်ယေရု ရှလင်လမ်းများအပေါ်သို့ ငါ၏ဒေါသ အမျက်တော်ကိုသွန်းလောင်း၍ ထိုမြို့တို့ကို မီးလောင်စေတော်မူ၏။ ထိုမြို့များသည်ယို ယွင်းပျက်စီးလျက်ကျန်ရစ်ပြီးလျှင် ယနေ့ တွေ့မြင်နေရသည့်အတိုင်းလူတို့ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေ၏။
``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။ သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊ တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။ သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။ သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။