Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 44:9 - Common Language Bible

9 ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး တို့ အ ပါ အ ဝင် နိုင် ငံ ခြား သား တို့ အ နက်၊ စိတ် ရော ကိုယ် ပါ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ တစ် ဦး တစ် ယောက် မျှ၊ ငါ့ သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ရ မည် မ ဟုတ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​နေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​ဝင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​များ​သာမက အစ္စရေး​အမျိုးသား​တို့​နှင့်အတူ​နေထိုင်​သော တိုင်းတစ်ပါးသား​တစ်ယောက်မျှ ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ မ​ဝင်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 44:9
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။


လူ​မျိုး​ခြား​တစ်​ဦး​ဦး​သည်​သင်​နှင့်​အ​တူ နေ​ထိုင်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပ​သ​ခါ​ပွဲ​တော် တွင်​ပါ​ဝင်​လို​လျှင် သူ​နှင့်​သူ​၏​အိမ်​သား​တို့ ကို​ဦး​စွာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​စေ​ပြီး မှ ထို​သူ​အား​ဣ​သ​ရေ​လ​အ​မျိုး​သား ကဲ့​သို့​သတ်​မှတ်​ကာ​ထို​ပွဲ​တော်​၌​ပါ​ဝင် စေ​နိုင်​၏။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ မ​ခံ​သူ​မှန်​သ​မျှ​သည်​ထို​ပွဲ​သို့​ဝင်​၍ မ​စား​ရ။-


ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။


ငါ​သည်​အ​မျက်​ထွက်​၍​သူ​တို့​ကို​ပြည်​နှင်​ဒဏ် ပေး​ခဲ့​၏။ နောက်​ဆုံး​၌​သင်​တို့​၏​အ​ဆက်​အ​နွယ် များ​သည်​မာန်​စွယ်​ကျိုး​၍ မိ​မိ​တို့​၏​အ​ပြစ် နှင့်​ပုန်​ကန်​မှု​အ​တွက်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ပြီး​သော​အ​ခါ၊-


ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​ပြည် လုံး​တွင်​ရှိ​သ​မျှ​သော​အိုး​တို့​ကို​လည်း သန့်​ရှင်း​မြင့်​မြတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​တွင်​အ​သုံး​ပြု​ရန်​အ​တွက် သီး​သန့်​ထား ရှိ​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် အ​ဘယ် သို့​သော​ရောင်း​ဝယ်​သူ​တစ်​ဦး​တစ်​ယောက် မျှ​ရှိ​တော့​မည်​မ​ဟုတ်။ ပ​ရော​ဖက်​ဇာ​ခ​ရိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။


ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-


သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-


သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ