Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 29:12 - Common Language Bible

12 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​အ​ရပ်​ဖြစ်​စေ​မည်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​အီ​ဂျစ်​ပြည်​မှ​မြို့​များ သည်​အ​ခြား​အ​ဘယ်​မြို့​နှင့်​မျှ​မ​တူ​အောင် ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့်​မည်။ ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​အား​ဒုက္ခ​သည်​များ ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ထွက်​ပြေး​ကာ​လူ​မျိုး ခြား​တို့​ထံ​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဆိတ် ညံ ရာ ရောက် သော တိုင်း နိုင် ငံ များ အ လယ် တွင်၊ အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ ဖုန်း ဆိုး ကုန်း ဖြစ် သော မြို့ များ အ လယ် တွင်၊ မြို့ ရွာ များ ကိုလည်း ကောင်း၊ အ နှစ် လေး ဆယ် တိုင် တိုင် ဆိတ် ညံ ရာ ဖြစ် စေ မည့် ငါ သည်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို၊ လူ အ မျိုး မျိုး အ ပြည် ပြည်၌၊ အ နှံ့ အ ပြား ကွဲ လွင့် စေ မည် ဟု မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပျက်​စီး​သော​ပြည်​တို့​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​ဖျက်​ဆီး​မည်။ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​မြို့​တို့​သည် ပျက်​စီး​လျက်​ရှိ​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ငါ​ကွဲ​ပြား ပျံ့​လွင့်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​သည် အီဂျစ်​ပြည်​ကို လူသူကင်းမဲ့​သော​ပြည်​တကာ​ထက် လူသူအကင်းမဲ့ဆုံး​ပြည် ဖြစ်​စေ​မည်​။ ပြိုပျက်​ရာ​မြို့​များ​ကြား​တွင် အီဂျစ်​မြို့​များ​သည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ပြိုပျက်​နေ​လိမ့်မည်​။ ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​သို့ တကွဲတပြား​ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 29:12
7 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊ သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။ နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။


အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-


ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


အီ​ဂျစ်​ပြည်​သည်​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​သော​အ​ရပ်​ဖြစ်​လျက် ထို​ပြည်​ရှိ​မြို့​တို့​သည်​လုံး​ဝ​ယို​ယွင်း ပျက်​စီး​၍​ကျန်​ရစ်​ကြ​လိမ့်​မည်။-


အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ