Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 24:5 - Common Language Bible

5 ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါ သည် မော ရှေ နှင့် အာ ရုန် တို့ ကို စေ လွှတ် လျက် အိ ဂျစ် ပြည်၌ စီ ရင် သ မျှ ဘေး ဒဏ် ကို သင့် စေ ပြီး မှ၊ ထုတ် ဆောင် ခဲ့ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မော​ရှေ​နှင့်​အာ​ရုန်​ကို ငါ​စေ​လွှတ်၍ အဲ​ဂု​တ္တု​လူ​တို့၌ ပြု​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​ပြည်​ကို ဆုံး​မ​သော​နောက်၊ သင်​တို့​ကို နုတ်​ဆောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​သည် မောရှေ​နှင့်​အာရုန်​ကို​စေလွှတ်​၍ အီဂျစ်​ပြည်​၌ ဘေးအမျိုးမျိုး​ကျရောက်​စေ​ခြင်း​အားဖြင့် ဒဏ်ခတ်​ပြီးနောက် သင်​တို့​ကို ထုတ်ဆောင်​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 24:5
13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။


ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-


နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-


ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။


ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည် မှ​ထွက်​ခွင့်​ပေး​ရန် အီ​ဂျစ်​ဘု​ရင်​အား​တောင်း ဆို​သူ​တို့​သည်​ကား​အာ​ရုန်​နှင့်​မော​ရှေ​တို့ ပင်​ဖြစ်​သ​တည်း။


ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ