ယောရှု 17:10 - Common Language Bible10 ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ထို ချောင်း တောင် ဘက် နယ် သည်၊ ဧ ဖ ရိမ့် အ နွယ် ပိုင်၊ မြောက် ဘက် ကား မ နာ ရှေ့ အ နွယ် ပိုင် ဖြစ် ၏။ ပင် လယ် ကမ်း တစ် လျှောက် နယ် စပ် လျက်၊ မြောက် ဘက် အာ ရှာ နယ် နှင့်လည်း ကောင်း၊ အ ရှေ့ ဘက် ဣ သ ခါ နယ် နှင့် လည်း ကောင်း စပ် ၏။ အခန်းကိုကြည့်ပါ။Judson Bible10 တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 တောင်ဘက်ပိုင်းသည် ဧဖရိမ်အပိုင်ဖြစ်ပြီး မြောက်ဘက်ပိုင်းသည် မနာရှေအပိုင်ဖြစ်၏။ ပင်လယ်သည် အနောက်ဘက်နယ်နိမိတ်ဖြစ်၏။ မြောက်ဘက်တွင် အာရှာနယ်မြေ၊ အရှေ့ဘက်တွင် ဣသခါနယ်မြေနှင့် ထိစပ်နေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်နယ်နိမိတ်သည်ကာနချောင်းဘက် သို့ဆင်းလာသည်။ ထိုချောင်းတောင်ဘက်ရှိ မြို့များသည်မနာရှေပိုင်နယ်မြေအတွင်း ၌တည်ရှိသော်လည်း ဧဖရိမ်အနွယ်ကပိုင် သည်။ မနာရှေနယ်မြေနယ်နိမိတ်သည်ကာန ချောင်းမြောက်ဘက်တစ်လျှောက်သွားပြီးလျှင် မြေထဲပင်လယ်တွင်အဆုံးသတ်သည်။-