Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 13:23 - Common Language Bible

23 ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ရု ဗင့် အ နွယ် သား တို့ နယ် စပ် သည် ယော် ဒန် မြစ် ဖြစ်၏။ အိမ် ထောင် အ လိုက် ရု ဗင့် အ နွယ် သား တို့ အ ပိုင် ရ သော မြို့ ရွာ များ ကား ထို သို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ရု​ဗင်​အ​မျိုး​သား​နေ​ရာ​အ​ပိုင်း​အ​ခြား​ကား၊ ယော်​ဒန်​မြစ်​နှင့် မြစ်​ကမ်း​ပါး​တည်း။ ဤ​ရွေ့​ကား၊ ရု​ဗင်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ဂျော်ဒန်​မြစ်​ကမ်းရိုးတန်း​တစ်လျှောက်​သည် ရုဗင်​အမျိုးအနွယ်​တို့ ရရှိ​သော​အမွေမြေ​ဖြစ်​၏​။ ဤသည်ကား ရုဗင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော မြို့​ရွာ​များ​ဖြစ်​သတည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:23
4 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။-


မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ