မဿဲ 6:16 - Common Language Bible16 ``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။- အခန်းကိုကြည့်ပါ။Garrad Bible16 ၎င်း ပြင် အ စာ ရှောင် သော အ ခါ အ စာ ရှောင် သည် ကို လူ တို့ မြင် စေ ရန် မျက် နှာ ဖျက် တတ် သော သီ လ ကြောင် တို့ ကဲ့ သို့ မျက် နှာ ညှိုး ငယ် မ ရှိ စေ ကြ နှင့်။ ထို သူ တို့ မှာ တူ သော အ ကျိုး ကို ခံ ရ ကြ ပြီ ငါ အ မှန် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
သင်တို့သည်`ဘုရားသခင်အားဝတ်ပြု ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည် မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရ ဘုရားအားကြိုးစားဖော်ပြ၍သော်လည်း ကောင်းအဘယ်အကျိုးရှိပါမည်နည်း။-
``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။