မဿဲ 17:18 - Common Language Bible18 သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 နတ် ထွက် ခွာ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သူ ငယ် ကျန်း မာ လေ၏။ ထို နောက် တ ပည့် တော် တို့ သည် အခန်းကိုကြည့်ပါ။Judson Bible18 ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။ အခန်းကိုကြည့်ပါ။မြန်မာ18 ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-