Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 28:65 - Common Language Bible

65 သင်​တို့​သည်​ရောက်​ရှိ​သော​နေ​ရာ​တွင်​ငြိမ်း ချမ်း​မှု​ကို​မ​ရ​ရှိ​နိုင်။ အ​တည်​တ​ကျ​နေ ထိုင်​ရာ​အ​ရပ်​မ​ရှိ။​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပူ​ပင်​သော​က​ရောက်​စေ​တော် မူ​မည်။ မျှော်​လင့်​ရာ​မဲ့​ပြီး​စိတ်​ပျက်​အား လျော့​စေ​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

65 ထို လူ မျိုး ခြား တို့ တွင် သက် သာ ခွင့်၊ နား နေ ခွင့် ကင်း လျက်၊ နှ လုံး တုန် လှုပ် ခြင်း၊ မျက် စိ အား ကုန် ခြင်း၊ စိတ် အား လျော့ ခြင်း များ ကို ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

65 ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

65 သင်​သည် ထို​လူမျိုး​တို့​အလယ်​တွင် သက်သာ​ရာ​မ​ရ​၊ နားစရာ​နေရာ ခြေ​တစ်ဖဝါးစာ​မျှ မ​ရှိ​။ ထို​အရပ်​၌ ထာဝရဘုရား​သည် သင့်​ကို စိတ်နှလုံး​ကြောင့်ကြ​ခြင်း​၊ မျက်စိ​အားလျော့​ခြင်း​၊ စိတ်ပျက်ဝမ်းနည်း​ခြင်း ဖြစ်စေ​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:65
21 ပူးပေါင်းရင်းမြစ်များ  

မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-


ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။


အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။


သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။


ငါ​၏​ကျွန်​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ရ​ကြ​လျက် သင်​တို့​မူ​ကား​စိတ် နှ​လုံး​ကြေ​ကွဲ​ကျိုး​ပဲ့​လျက်​ငို​ကြွေး​ရ ကြ​လိမ့်​မည်။-


ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။


သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။


ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။


ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-


``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-


ရန်​သူ​များ​ဖမ်း​သွား​ခံ​ရ​လျှင် လည်း​သူ​တို့ ကို​သတ်​ပစ်​လိုက်​ရန်​ငါ​စေ​ခိုင်း​မည်။ ငါ​သည် သူ​တို့​ကို​မ​ကူ​ညီ​ဘဲ ဖျက်​ဆီး​ပစ်​ရန် သန္နိ​ဋ္ဌာန်​ချ​လိုက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။


ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။


လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-


သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။ သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော'' ဟု​မြွက်​ဆို​တော်​မူ​၏။


သင်​တို့​သည်​အ​သက်​ဘေး​နှင့်​အ​စဉ်​တွေ့ ကြုံ​နေ​ရ​မည်။ နေ့​ည​မ​ပြတ်​ကြောက်​ရွံ့ ထိတ်​လန့်​၍​သေ​ဘေး​နှင့်​အ​စဉ်​ရင်​ဆိုင် လျက်​နေ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ