တောလည် 25:6 - Common Language Bible6 မောရှေနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် တဲတော်တံခါးဝတွင်ငိုကြွေးမြည် တမ်းလျက်ရှိနေစဉ် ဣသရေလအမျိုးသား တစ်ဦးသည်သူတို့ရှေ့မှောက်၌ မိဒျန်အမျိုး သမီးတစ်ယောက်ကိုမိမိ၏တဲအတွင်းသို့ ခေါ်သွင်းသွားသည်ကိုမြင်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ထို အ ခါ ဣ သ ရေ လ အ မျိုး သား တစ် ယောက် သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ငို ကြွေး လျက် နေ သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် နှင့် မော ရှေ့ မျက် မှောက် တွင် ပင် မိ ဒျန် အ မျိုး မိန်း မ ကို ဆွေ မျိုး သား ချင်း တို့ ထံ ခေါ် ဆောင် ခဲ့ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည်၊ မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။