Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 25:5 - Common Language Bible

5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 မော ရှေ က၊ သင် တို့ အ သီး အ သီး အုပ် စု အ နက် ဗာ လ ပေ ဂု ရ နတ်၌ မှီ ဝဲ သူ တို့ ကို ကွပ် မျက် ကြ လော့ ဟု ဣ သ ရေ လ တ ရား ပိုင် မင်း တို့ အား ဆင့် ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မော​ရှေ​သည် ဣ​သ​ရေ​လ​မင်း​တို့​ကို​ခေါ်၍၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို သင်​တို့​အ​သီး​အ​သီး​ဆိုင်​သည်​အ​တိုင်း ကွပ်​မျက်​ကြ​လော့​ဟု မှာ​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 မောရှေ​က​လည်း အစ္စရေး​လူမျိုး​တို့​၏​တရားသူကြီး​တို့​အား “​သင်​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​သော​ကိုယ့်​လူ​အသီးသီး​ကို သတ်​ရ​မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 25:5
12 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။


သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။-


``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊-


အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-


ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-


``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-


သူ့​ကို​သတ်​ပစ်​လော့။ သူ့​ကို​သေ​ဒဏ်​စီ​ရင် ရာ​တွင် သင်​သည်​သူ့​ကို​အ​ဦး​ဆုံး​ကျောက်​ခဲ နှင့်​ပစ်​သူ​ဖြစ်​ရ​မည်။ ထို့​နောက်​မှ​အ​ခြား သူ​များ​ကို​ကျောက်​ခဲ​နှင့်​ပစ်​စေ​ရ​မည်။-


ပေ​ဂု​ရ​အ​ရပ်​တွင်​ငါ​တို့​လွန်​ကူး​သော အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ လူ​မျိုး​တော်​အား​ကပ်​ရော​ဂါ​ဘေး​သင့်​စေ တော်​မူ​သည်​မ​ဟုတ်​လော။ ထို​အ​ပြစ်​၏​ဆိုး ကျိုး​ကို​ငါ​တို့​သည်​ခံ​နေ​ရ​ဆဲ​ဖြစ်​သည် မ​ဟုတ်​လော။ ထို​အ​ပြစ်​မျိုး​ကို​ထပ်​မံ ကူး​လွန်​ကြ​ဦး​မည်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ