Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 20:29 - Common Language Bible

29 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 အာ ရုန် သေ လွန် သည် ကို ဣ သ ရေ လ အ မျိုး သား ပ ရိ သတ် အား လုံး သိ မြင် ကြ သည့် ကာ လ ရက် ပေါင်း သုံး ဆယ် တိုင် တိုင် အာ ရုန့် အ တွက် ငို ကြွေး ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 အာ​ရုန်​သည် အ​နိ​စ္စ​ရောက်​ကြောင်း​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​မြင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည်၊ အာ​ရုန်​အ​တွက် အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 လူထု​အပေါင်း​တို့​သည် အာရုန်​သေ​ကြောင်း​ကို သိမြင်​သော် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် အာရုန်​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 20:29
9 ပူးပေါင်းရင်းမြစ်များ  

ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-


အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။


ခါ​နာန်​ပြည်​ဟေ​ဗြုန်​မြို့​၌​ကွယ်​လွန်​ရာ​အာ​ဗြ​ဟံ​သည် သူ့​အ​တွက်​ငို​ကြွေး​မြည်​တမ်း​လေ​သည်။


သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-


ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။


ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။


ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ