တောလည် 21:1 - Common Language Bible1 ခါနာန်ပြည်တောင်ပိုင်းတွင်အာရဒ်မြို့ကိုအုပ် စိုးသောမင်းသည် ဣသရေလအမျိုးသားများ အသရိမ်လမ်းဖြင့်လာနေကြောင်းသိရလျှင် သူတို့ကိုစစ်ချီတိုက်ခိုက်ရာအချို့ကိုသုံ့ပန်း အဖြစ်ဖမ်းမိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 နေ ဂပ် ခ ရိုင်၌ စံ နေ သော ခါ နာန် လူ မျိုး၊ အာ ရဒ် ဘု ရင် သည် အ သ ရိမ် လမ်း ဖြင့် ဣ သ ရေ လ လူ မျိုး တို့ ချီ လာ ကြ သော သ တင်း ကို ကြား လျှင် ဆီး ဆို့ တိုက် ခိုက်၍ အ ချို့ ကို သုံ့ ဘမ်း သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible1 ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 နေဂေ့အရပ်၌စံမြန်းသော ခါနာန်လူမျိုး အာရဒ်ဘုရင်သည် အသရိမ်လမ်းဖြင့် အစ္စရေးလူမျိုးတို့လာကြောင်းကို ကြားသောအခါ အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်၍ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၏။ အခန်းကိုကြည့်ပါ။ |
အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-