တောလည် 14:40 - Common Language Bible40 နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible40 တောင် ထိပ် သို့ တက် သွား သော် ငါ တို့ ပြစ် မှား သည် မှန် ပါ၏။ ယ ခု မှာ မူ ထာ ဝ ရ ဘု ရား က တိ ထား တော် မူ ခဲ့ သော နေ ရာ သို့ ချီ တက် ပါ မည် ဟု ဆို ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible40 နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 ထို့နောက် သူတို့သည် နံနက်စောစောထ၍ တောင်ထိပ်သို့တက်သွားပြီးလျှင် “အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသောနေရာသို့သွားပါမည်။ အကြောင်းမှာ အကျွန်ုပ်တို့သည် ပြစ်မှားမိကြပါပြီ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
``သင်တို့ကငါ့အား`အကျွန်ုပ်တို့သည်ထာဝရ ဘုရားအား ပြစ်မှားမိကြပါပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ယခုစစ်ချီတိုက်ခိုက်ပါမည်' ဟု ဆိုကြ၏။ ထို့နောက်သင်တို့သည်တောင်ကုန်း ဒေသကိုလွယ်ကူစွာဝင်ရောက်တိုက်ခိုက်နိုင် မည့်အထင်နှင့် သင်တို့အားလုံးစစ်ချီတိုက် ရန်အသင့်ပြင်ကြ၏။''