ဆာလံ 96:10 - Common Language Bible10 ``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ လူမျိုးတကာတို့အားပြောကြားကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible10 ထာ ဝ ရ ဘု ရား စိုး စံ တော် မူ၍၊ ဤ လော က ကို မ လှုပ် မ ရှား နိုင် အောင် တည် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည် ဟု လူ မျိုး ခြား တို့ တွင် ပြော ဆို ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible10 ထာဝရဘုရားစိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓာတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာတရားစီရင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 “ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။ ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ ထိုအခါဘုရားသခင်သည် ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-