ဆာလံ 78:5 - Common Language Bible5 ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5-6 ကိုယ် တော် သည်၊ ယာ ကုပ် အ မျိုး၌ သက် သေ ခံ ချက် ကို ပြ ဋ္ဌာန်း၍၊ ဣ သ ရေ လ လူ မျိုး ၌ တ ရား တော် ကို ထား တော် မူ သည့် ပြင်၊ သား မြေး တို့ အား ဘိုး ဘေး တို့ ပြန် ကြား သ ဖြင့်၊ သိ မြင် သော နောက် လူ မျိုး တစ် ဆက်၊ ဖွား မြင် လ တ္တံ့ သော သား တို့ လည်း၊ မြေး မြစ် တို့ အား ဆင့် ဆို ရ ကြ မည့် အ ကြောင်း၊ ပ ညတ် တော် မူ သည် မှာ၊ ခဲ ယဉ်း ၍ ပုန် ကန် တတ် သော အ ဆက်၊ အခန်းကိုကြည့်ပါ။Judson Bible5 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-