Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 60:10 - Common Language Bible

10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​ဘဲ​နေ​ပါ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အို ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ နှင့် ချီ ကြွ တော် မ မူ ဘဲ၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် ခဲ့ သော ကိုယ် တော် ပင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ငြင်းပယ်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​တို့​နှင့်အတူ မ​ချီတက်​ဘဲ​နေ​တော်မူ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 60:10
17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။


ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​နယ် မြေ​တွင်​စစ်​စ​ခန်း​များ​ကို​တည်​ဆောက် ထား​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​သွား​ရောက် လေ​ရာ​အ​ရပ်​ရပ်​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။-


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။


အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စွန့်​ပစ်​တော်​မူ​၍​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​မျက်​ထွက်​တော်​မူ​ပါ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ကျွန်​တော်​မျိုး​တို့​ထံ​သို့ ပြန်​၍​ကြွ​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-


``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-


ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ