Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 20:9 - Common Language Bible

9 အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အို ထာ ဝ ရ ဘု ရား၊ ဘု ရင် မင်း ကို ကယ် တင်၍၊ အ ကျွန်ုပ် တို့ ခေါ် သော အ ခါ၊ ထူး တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ကျွန်ုပ်​တို့​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​ကို ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေါ်​သောအခါ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 20:9
11 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။


မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။


ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကူ​မ​တော်​မူ​ရန် ကျွန်​တော်​မျိုး​ဟစ်​အော်​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ​သည်။


သို့​သော် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။


ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-


ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ