ဆာလံ 18:17 - Common Language Bible17 ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 အား ကြီး သော ရန် သူ တို့ လက် မှလည်း ကောင်း၊ ငါ့ ထက် ခွန် အား ကြီး သော မုန်း ထား သူ တို့ လက် မှလည်း ကောင်း၊ ငါ့ ကို ကယ် လွှတ် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |