Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 15:3 - Common Language Bible

3 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 လျှာ ဖြင့် ကုန်း ချော ခြင်း၊ သူ တစ် ပါး၌ ဆိုး သွမ်း ခြင်း၊ အိမ် နီး ချင်း အား ကဲ့ ရဲ့ ခြင်း မ ပြု သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 15:3
16 ပူးပေါင်းရင်းမြစ်များ  

မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။


ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။


သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။


``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။


သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-


အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-


အိမ်​နီး​ချင်း​ကို​ချစ်​သော​သူ​သည်​အိမ်​နီး​ချင်း အား မည်​သည့်​အ​ခါ​၌​မျှ​အ​ကျိုး​ယုတ်​စေ​လိမ့် မည်​မ​ဟုတ်။ သို့​ဖြစ်​၍​အိမ်​နီး​ချင်း​ကို​ချစ်​သော သူ​သည်​ပ​ညတ်​တ​ရား​အား​လုံး​ကို​စောင့်​ထိန်း ရာ​ရောက်​၏။


မည်​သူ့​အ​ကြောင်း​ကို​မျှ​မ​ကောင်း​မ​ပြော​ဘဲ ငြိမ်း​ချမ်း​ခင်​မင်​စွာ​နေ​ထိုင်​ကြ​စေ​ရန်​နှင့် အ​စဉ်​အ​မြဲ​လူ​ခပ်​သိမ်း​တို့​အား​သိမ်​မွေ့​စွာ ဆက်​ဆံ​ကြ​စေ​ရန်​သူ​တို့​အား​ပြော​ကြား လော့။-


ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း​ပုတ် ခတ်​ဝေ​ဖန်​လျှင်​သော်​လည်း​ကောင်း၊ စစ်​ကြော စီ​ရင်​လျှင်​သော်​လည်း​ကောင်း​ပ​ညတ်​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​စစ်​ကြော​စီ​ရင်​ရာ ရောက်​၏။ ပ​ညတ်​တ​ရား​တော်​ကို​စစ်​ကြော​စီ​ရင် ကြ​လျှင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​စောင့် ထိန်း​သူ​များ​မ​ဟုတ်​ဘဲ​စစ်​ကြော​စီ​ရင်​သူ များ​သာ​ဖြစ်​ကြ​၏။-


ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။


အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ