ဆာလံ 10:11 - Common Language Bible11 သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဘု ရား သ ခင် မေ့ လျော့ နေ တော် မူ ပြီ။ မျက် နှာ တော် လွှဲ ထား တော် မူ ၏။ မည် သည့် အ ခါ မျှ ရှု မြင် တော် မူ မည် မ ဟုတ် ဟု၊ စိတ် တွင် အောက် မေ့ တတ် ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-