ဆာလံ 10:12 - Common Language Bible12 အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ ထိုယုတ်မာသူတို့ကိုဒဏ်ခတ်တော်မူပါ။ ဆင်းရဲဒုက္ခခံရသူတို့ကိုမေ့လျော့တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible12 အို ထာ ဝ ရ ဘု ရား၊ ထ တော် မူ ပါ။ အို ဘု ရား သ ခင်၊ လက် ရုံး တော် ကို ချီ တော် မူ ပါ။ ဆင်း ရဲ သား တို့ ကို မေ့ တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible12 အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ လက်တော်ကိုမြှောက်တော်မူပါ။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-