ဂလာတိ 5:19 - Common Language Bible19 လူ့ဇာတိနှင့်ဆိုင်သောအပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကားကာမ ဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းခြင်း၊ အကျင့် ပျက်ခြင်း၊- အခန်းကိုကြည့်ပါ။Garrad Bible19 ရုပ် ခ န္ဓာ ဆိုင် ရာ အ ကျင့် များ တည်း ဟူ သော မေ ထုန် မှီ ဝဲ ခြင်း၊ ညစ် ညူး ခြင်း၊ ကာ မ ဂုဏ် လိုက် စား ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible19 ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 လူ့ဗီဇစိတ်၏ လုပ်ဆောင်ချက်သည် သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ အခန်းကိုကြည့်ပါ။ |
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-