ကမ္ဘာဦး 47:19 - Common Language Bible19 ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ကျွန် တော် မျိုး တို့ နှင့် ကိုယ် ပိုင် မြေ သည် ရှေ့ တော် တွင် အ ဘယ် ကြောင့် ပျက် စီး ဆုံး ပါး ရ အံ့ နည်း။ ကျွန် တော် မျိုး တို့ နှင့် မြေ ကို အ စာ ဖြင့် ဝယ် တော် မူ ပါ။ မြေ နှင့် တ ကွ ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည်။ ကျွန် တော် မျိုး တို့ မ သေ၊ အ သက် ရှင် စေ ရန် လည်း ကောင်း၊ မြေ လည်း ဖုန်း ဆိုး မ ဖြစ် စေ ရန် လည်း ကောင်း မျိုး စေ့ ပေး တော် မူ ပါ ဟု လျှောက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ရှေ့တော်၌အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှာလည်းကောင်း၊ ပြည်တော်သည်လူမဆိတ်ညံစေခြင်းငှာလည်းကောင်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေသည် သခင့်ရှေ့၌ အဘယ်ကြောင့်ပျက်စီးရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေကိုဝယ်၍ ထိုအစား စားစရာပေးပါလော့။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မြေနှင့်တကွ ဖာရောမင်းကြီးထံ၌ ကျွန်ခံပါမည်။ အကျွန်ုပ်တို့ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း၊ မြေသည်လည်း မပျက်စီးမည့်အကြောင်း မျိုးစေ့ကိုပေးပါလော့”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။-
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။